ANDROID PALACE FACEBOOK GROUP

ANDROID PALACE FACEBOOK GROUP

FACEBOOK တွင် ANDROID PALACE ရှိသူငယ်ချင်းများအားလုံးအချင်းချင်း မသိတာများ ဆွေးနွေးရန် တည်ထောင်လိုက်ပါသည်။ Facebook တွင် အဖွဲ့ဝင်လုပ်ချင်ပါက ခေါင်းစဉ်ကိုနှိပ်လိုက်ပါ။

Quas molestias excepturi
BASIC ANDROID APP DEVELOPMENT(E-BOOK-MYANMAR)

BASIC ANDROID APP DEVELOPMENT(E-BOOK-MYANMAR)

ANDROID အကြောင်းလေ့လာပြီး APP တွေကိုယ်တိုင်ရေးချင်သူတွေအတွက် လေ့လာလို့ရမယ့် ဆရာကိုဝင်းဟိန်း ရေးသားထားတဲ့ ANDROID APP DEVELOPMENT စာအုပ်လေးတင်ပေးလိုက်ပါတယ်။

Impedit quo minus id
ROOT လုပ်ထားရုံနှင့်မြန်မာဖောင့်သွင်းကြမယ်။

ROOT လုပ်ထားရုံနှင့်မြန်မာဖောင့်သွင်းကြမယ်။

ANDROID ဖုန်း တော်တော်များများကို မြန်မာဖောင့် လွယ်လွယ်သွင်းဖို့ နည်းလမ်းလေး ပြောပါမယ်။ ဘာမှတော့မခက်ပါဘူး။.....

Voluptates repudiandae kon
Moborobo All In One Android PC Suit 2012

Moborobo All In One Android PC Suit 2012

ANDROID PHONE တွေအားလုံးကို ကွန်ပျူတာပေါ်ကနေ လွယ်လွယ်ကူကူအသုံးပြုလို့ရမယ့် Software လေးပါ။

Mauris euismod rhoncus tortor

Huawei U8818 ICS Root


Unknown | 1:22 PM |



ခု တလော U8818 ကို Unlock Bootloader Tools နဲ့
Root မရတော့ဘူး ဆိုသူတွေ အတွက်
ကျွန်တော် နည်းလမ်းလေး လိုက်ရှာရင်း
ဒီ http://androidforum.cz မှာ တွေ့တာပါ
သူပေးထားတဲ့ နည်းအပြင် ကျွန်တော် နည်းနည်း ထပ်ပြင်ဆင်ထားပါတယ်။
အရင်ဆုံး U8818 ICS Root.rar ကိုအရင် Download ထားလိုက်ပါ
pass ကတော့ thitsankhant ပါ။
Download ဆွဲထားတဲ့ U8818 ICS Root.rar ကို ဖြေလိုက်ပါ
ထိုအထဲမှ U8818 ICS.bat ကို Run ပေးထားရပါမယ်…
ဖုန်းကိုတော့ ပါဝါဖွင့်ပြီး ကြိုးထိုးထားပါ။
cd /data/local/tmp
chmod 777 ./myanmarmobileapp
./myanmarmobileapp 0xd524 0xab8f sh
mount -o remount,rw -t ext4 /dev/block/mmcblk0p12 /system
cat /data/local/tmp/su > /system/xbin/su
chown 0.0 /system/xbin/su
chmod 06755 /system/xbin/su
cat /data/local/tmp/supersu.apk >/system/app/supersu.apk
chown 0644 /system/app/supersu.apk
exit
exit
U8818 ICS.bat
ကို Run ပြီးနောက်ပိုင်း
cmd လေးပေါ်လာမှာ ဖြစ်ပြီး ထို cmd ထဲတွင် အောက်ပါ code များအား တစ်လိုင်းစီ ရိုက်ပြီး enter ခေါက်ပေးပါ
အားလုံး ပြီးတဲ့ အထိ တစ်ကြောင်းရိုက်လိုက် Enter ခေါက်လိုက် လုပ်ပေးသွားပါ။
အားလုံးပြီးသွားတဲ့ အခါမှာတော့ ဖုန်း ကို ဖွင့်ကြည့်လိုက်ပါ
Super SU လေးပေါ်နေတာ တွေ့ရမှာဖြစ်ပါတယ်။
အားလုံးအဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ…


သစ်ဆန်းခန့်
thitsankhant@gmail.com

Huawei U9200 ICS (ROOT+Recovery+MM FONT+Google)


Unknown | 3:06 AM |


(1)
ကျွန်တော် အရင်က တင်ပေးခဲ့တဲ့ ပိုစ်မှာ U9200 ကို Root နည်းက
Unlock Bootloader Tools နဲ့ ဖြစ်ပါတယ်။
ခုတော့ နောက်တစ်မျိုး ပြသပေးပါ့မယ်
အစ အဆုံး မပြရင် တိုင်ပတ် တက်တဲ့ ညီအကို မောင်နှမတွေ အတွက်
ဖြစ်လို့ အဆင်ပြေမပြေဆိုတာလေးတော့ မှတ်ချက်ပေးခဲ့ပါ။
(2)
ဒီအချိန်မှာ လိုအပ်တာတွေ အရင် Download ဆွဲထားကြရအောင်…
pass – thitsankhant
(3)
Download ဆွဲထားတဲ့ adb fastboot ဖိုင်ကို ဖြေလိုက်ပါ။
ပြီးလျင် u9200.img ဖိုင်လေးအား ခုနက ဖြေထားတဲ့
adb fastboot ဖိုင်လေးထဲသို့ သွားပစ်ထည့်လိုက်ပါ။
(4)
 များအား zip မဖြေပဲ ထိုအတိုင်း SD Card အလွတ်တစ်ခုတွင်
ထည့်ပြီး ဖုန်းအတွင်းသို့ ထို SD Card အား ထည့်သွင်းထားလိုက်ပါ။
(5)
ယခုဆိုလျင် ဖုန်းအား System Setting အတွင်းတို့ ၀င်ရောက်ကာ
Security အတွင်းမှ Unknown sources အား အမှန်ခြစ်ပေးပါ။
ထို့နောက်  System Setting ထဲမှ Developer options အားဝင်ကာ
USB debugging အား အမှန်ခြစ်ပေးပါ။
ပြီးလျင် ဖုန်းအား ကွန်ပြုတာဖြင့် ချိတ်ဆက်ကာ Driver သိအောင် လုပ်ပေးရပါမယ်။
(6)
အခုဆိုရင် Driver သိသွားပြီး နောက် ဆက်လုပ်ရမှာက
ခုနက zip ဖြေထားတဲ့ adb fastboot ဖိုင်လေးထဲကို သွားပါ
ဖိုင်အတွင်း Shift Key နှင့် Righit Click ပေါင်းနှိပ်ပါ
box တက်လာရင် Open Command Windows here ကို နှိပ်လိုက်ပါ
ခုဆိုရင် CMD run box လေး တက်လာပါပြီ
Run Commands on Android Device through Windows CMD
ဖုန်းကို fastboot ခေါ်ပါတော့မယ်။
(7)
အခုက စပြီးတော့ ကျွန်တော် ရိုက်ခိုင်းတဲ့ စာကြောင်းအတိုင်း တိတိကျကျ ရိုက်သွားပါမယ်
adb reboot bootloader ကိုရိုက်ပြီး Enter နှိပ်လိုက်ပါ
ဖုန်း Reset ကျသွားပြီး ပြန်တက်လာလျင် Huawei Logo မှာ ရပ်နေပါမယ်
ဒါဆို Fastboot mode အောင်မြင်ပါတယ်။
နောက်တစ်ဆင့်ကတော့
fastboot flash recovery u9200.img  ဆိုပြီးရိုက်လိုက်ပါ ပြီးရင် Enter ကိုနှိပ်
သူက Recovery စရေးပါမယ်
ပြီးသွားပြီ ဆိုရင် OK ပြပြီး Finish ပြပါမယ်…
ဒါဆိုရင် Recovery အဆင့် ပြီးဆုံးအောင်မြင်ပါပြီ။
PH ကို ပါဝါ ပြန်ပွင့်ဖို့ အတွက်
fastboot reboot ကိုရိုက်ပြီး Enter နှိပ်ပါ
ဖုန်း ပါဝါပြန်ပွင့်လာပါမုယ်။
(8)
ဖုန်းကို ပါဝါ ပြန်ပိတ်လိုက်ပါ။
ငါးစက္ကန့် ကြာလျင်
VOL UP + Power  Key အား Recovery boot menu မပေါ်မခြင်း နှိပ်ပေးထားပါ
စက်ရုပ်ကလေးပေါ်လာပြီး Boot menu စာတန်းလေးတွေ မြင်ရပီ ဆိုရင် ခလုပ်တွေကို လွှတ်လိုက်ပါ။
(9)
ကျွန်တော် ပေးထားတဲ့ U9200 Recovery သည် Touch ဖြစ်တဲ့ အတွက်
တစ်မူထူးခြားပြီး Link တိုင်းကို လက်နဲ့ ထိတွေ့ပြီး
လျင်မြန်စွာ ၀င်ရောက် ပြုလုပ်နိုင်ပါတယ်။
ကဲ နောက်လိုက်ရမယ့် ကိစ္စတွေကတော့
install zip from sd card ဆိုတာလေးကို ၀င်ပါ။
choose zip from sdcard ဆိုတာလေးထဲ ထပ်ဝင်လိုက်ပါ။
ကဲ အခုဆိုရင် SD Card ထဲ ရောက်ပြီ ဖြစ်လို့
ခုနက SD Card ထဲ ထည့်ထားတဲ့
နှင့်
ဆိုတဲ့ zip ဖိုင်လေး နှစ်ခုစလုံးကို ရွေးပြီး
Click ပါ install လုပ်ပါ
No နှင့် Yes ရွေးခိုင်းလျင် Yes ကိုသာ ရွေးပြီး Click နှိပ်ပါ။
ဘားလုံး ပြီးသွားလျင် reboot system now ကို နှိပ်ပါ။
ဖုန်းပါဝါတ် ပိတ်ပြီး ပြန်ပွင့်လာလျင် Super SU နှင့်
Google App များ ဖြစ်တဲ့ Gtalk နှင့် Gmail များပါ
ရောက်ရှိနေတာ တွေ့ရပါလိမ့်မယ်။
 (10)
PH ပါဝါ ပြန်ပွင့်နေတဲ့ အချိန်မှာ File Manager ကနေတဆင့် SD Card ထဲမှ
စတဲ့ Android APK နှစ်ခုအား Install လုပ်ပေးပါ။
ပြီးလျင် Zawgyi Installer အား ဖွင့်လိုက်ပါ
Chat For Root Acess လုပ်ခိုင်းပါမယ်
Grant And Deny နှစ်ခုထဲက Grant ကိုရွေးရမှာ ဖြစ်ပါတယ်
Grant ကို ရွေးမှ Zawgyi Installer အား အသုံးပြု၍ ရရှိမည်ဖြစ်ပါတယ်။
ပြီးသွားပြီဆိုရင်တော့ Zawgyi Installer ထဲမှ သင်ကြိုက်နှစ်သက်ရာ
Font Style လှလှလေးများအား စိတ်ကြိုက်ရွှေးချယ်နိုင်ပါပြီ။
 
သင်လိုချင်တဲ့ Font Style ကို ရွေးချယ်ပြီးပြီ ဆိုရင်တော့
Exit & Reboot Phone
ကိုနှိပ်လိုက်ပါ ပါဝါပိတ်သွားပြီး
ပြန်ပွင့်လာလျင် မြန်မာဖောင့် ရရှိပြီ ဖြစ်ပါတယ်။
(11)
System Setting ကို ၀င်ပါ
Language and input
ဆက်တင် ထဲကို ထပ်ဝင်ပါ။
Frozen Keyboard အား အမှန် ခြစ်ပေးပါ။
OK ကို  နှိပ်ပါ။
ယခု ဆိုရင် သင့်ဖုန်းသည် Root ပြီး မြန်မာဖောင့် ထည့်ပြီး
Google App များ ထည့်သွင်းပြီး လိုလေသေး မရှိ
ပြည့်စုံသွားပါပြီ။
၁၂ နာရီကနေ စရေးတာ ခုဆို မနက် ၃ နာရီ ထိုးတော့မယ်…
ကျွန်တော်လဲ အိပ်ပါတော့မယ်…
အားလုံး အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ…


သစ်ဆန်းခန့်
thitsankhant@gmail.com
ဓါတ်ပုံများ – Google Image
App များ - xda-developers, myanmarmobialeapp, mmuc တို့မှ အသုံးပြုပါသည်။

Samsung Galaxy S Advance (Root)


Unknown | 1:43 AM |


Galaxy S Advance ကို Root နည်းရေးဖို့ ဖုန်းဆက်နည်းနဲ့ တစ်မျိုး အွန်လိုင်းမှ တစ်ဖုံ
ဝိုင်းဝန်း နှိပ်စက်ကြကုန်သော Online မိသားစု တွေ အတွက်
ကျွန်တော် ဒီပိုစ်လေးကို တင်ပေးလိုက်ရပါတယ်..
အရင်လိုပဲ အားလုံး နားလည် လွယ်မယ့် ပုံစံလေးနဲ့ တင်ပေးလိုက်ပါတယ် ခင်ဗျာ။
၁။ အရင်ဆုံး Driver နဲ့ GT-I9070_root.rar ဖိုင်လေးကို Download ဆွဲပါ။
ဒါလေးကတော့ အများအားဖြင့် ကြုံတွေရတဲ့ Driver မသိတဲ့ ပြသနာကိုဖြေရှင်းဖို့
SAMSUNG_USB_Driver လေးပါ
၂။ အခုဆိုရင် Download ဆွဲလို့ပြီးသွားပြီဖြစ်ပါတယ်…
GT-I9070_root.rar ကို ဖြေလိုက်ပါ။
၃။ GT-I9070_EUR_XX_8G_20111220_KL6.pit
Odin3 v1.83.exe
rootkernel.tar.md5
xxld1.tar.md5
တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
၎။ Odin3 v1.83.exe ကို ဖွင့်ပါ
၅။ ဖုန်း Settings ကိုသွားပါ, ပြီးရင် Aplications -> Development ထဲကိုဝင်
USB Debugging နှင့် Allow mock locations.နှစ်ခုလုံးအား အမှန်ခြစ်ပေးထားပါ။
၆။ ဖုန်းကို ပါဝါပိတ်ပါ  ငါးစက္ကန့်ကြာလျင် Download mode ကိုဝင်ဖို့အတွက်, ဖုန်း၏ Volume Down + Home button + Power buttonကိုတွဲ နှိပ်ထားပေးပါ
Download Mode ပေါ်လာလျင် လွှတ်လိုက်ပြီး ကွန်ပြုတာနှင့် ကြိုး စတင်ချိတ်ဆက်ပါ။
၇။ ဒီအချိန်မှာသာ Samsung Driver မသိခဲ့ရင် Deriver ကို Install လုပ်ပေးပါ။
Driver သိသွားပြီဆိုရင်တော့ Odin ရဲ့ ပထမ အကွက်လေးမှာ မီးလေး ၀ါမယ် ဒါမှမဟုတ် စိမ်းလာပါမယ်။
ဒါဆို စတင်လို့ရပါပြီ။
၈။ PIT ဆိုတဲ့ ခလုပ်လေးကို နှိပ်ပါ ပြီးရင် ခုနက ဖြေထားတဲ့ Root ဖိုင်လေးထဲက
GT-I9070_EUR_XX_8G_20111220_KL6.pit ကို ရွေးထည့်ပေးလိုက်ပါ
PDA ဆိုတဲ့ ခလုပ်လေးမှာတော့ rootkernel.tar.md5 ကိုရွေးထည့်ပေးပါ
ပြီးရင်တော့ Auto Reboot နဲ့ F.Reset Time ဆိုတာလေး နှစ်ခုကိုသာ အမှန်ခြစ်ပြီး
Start ကိုနှိပ်ပါ သူ့ဟာသူ အလုပ်ဆက်လုပ်သွားပါလိမ့်မယ်။
၉။ PASS! ဆိုပြီး အစိမ်းရောင်လေး ဖြစ်ပြီး ဖုန်းပါဝါပွင့်လာမှ ကြိုးဖြုတ်ပါ ဒါဆိုရင် သင့်ဖုန်း Root ဖြစ်သွားပါပြီ။
အားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ..
အခက်အခဲ ရှိရင် ဖုန်းဆက်နိုင်ပါတယ်
Thit San Khant
thitsankhant@gmail.com
09421016108

iphone 5 lock screen v 1.3.6


Anonymous | 1:14 AM |



စက်ရုပ်လေး(Android) ရဲ့ Lock Screen နေရာမှာအခုအသစ်ထွက်ရှိလာတဲ့ပန်းသီးလေး( iphone 5) ရဲ့ Lock Screen လေးကိုအသုံးပြုချင်သူများအတွက်..................................***********

Super Fast Browser v1.2.5.3.apk


Anonymous | 12:47 AM |


အရင်က UC Browser နဲ့ Dolphin Browser ဆိုပြီးတော့ Browser လေးနှစ်ခုဘလော့မှာတင်ပေးထားပါတယ်
အခုအသစ်ထွက်တဲ့ Browser လေးကတော့ Super Fast Browser လေးဖြစ်ပါတယ်..ယခင်သုံးနေကျ  Browser တွေထက် Speed ပိုမြန်တဲ့အတွက်သုံးရတာပိုအဆင်ပြေမယ်လို့ထင်ပါတယ်.................

App Cache Cleaner (မြန်မာဗားရှင်း)


Unknown | 12:14 PM |


App Cache Cleaner ဆိုတာလေးက ပြောရရင် ကျွန်တော်တို့ Android ဖုန်းတွေမှာ
မမြင်အောင် Run နေတဲ့ App တွေကို kill ပေးတဲ့ ကောင်လေးပါ အလွန်အသုံးဝင်ပါတယ်။
ပြီးတော့ ကျွန်တော် စိတ်ကူးပေါက်သွားမိတာက ခုဆိုရင် မြန်မာပြည်က User တွေ အတွက်
မြန်မာစာလေးနဲ့ လုပ်လို့ရရင် ကောင်းမှာပဲလို့လေ… :P
 
ကျွန်တော် နည်းနည်းကလိထားပါတယ်..
လိုအပ်တာလေးတွေ ထောက်ပြပေးကြပါနော်..
အသုံးပြုပြီးရင် ဘာလိုလဲ ဆိုတာကိုပေါ့
အဓိက ရယ်ရွယ်ချက်ကတော့ အသက်ကြီး ရွယ်အို
လူကြီးများ အသုံးပြုနိုင်စေဖို့ ရယ်ရွယ်ပါတယ်…
Software Screen Show

အောက်က လင့်မှာ ဒေါင်းပါ ခင်ဗျာ
Thit San Khant
thitsankhant@gmail.com

ANDROID OS PHONE များအတွက် လျှို့ဝှက်ကုဒ်များ


Unknown | 3:08 PM |




ကျွန်တော် Android Phone ကိုင်ဆောင်သူတွေအတွက် လျှို့ဝှက်ကုဒ်လေးတွေဖြစ်ပါတယ်။ အောက်မှာ စမ်းသပ်နိုင်ပါတယ်။
( မှတ်ချက် ။ ။ ANDROID PHONE တိုင်းတွင်ရသည်ဟူ၍မဟုတ်၊ တချို့ဖုန်းများ ကုဒ်နံပါတ်နှင့် အဆင်မပြေဖြစ်တတ်သည်။ )

1. Testလုပ်ရန် ကုဒ်များ

*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* (or) *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and BackLight test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#* - Bluetooth test

*#*#232337#*# - Bluetooth device address ကိုပြခြင်း

*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* - GPS test

*#*#1575#*#* - အခြား GPS test


2. Firmware အချက်အလက်ကြည့်ခြင်း

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate



3. Backup လုပ်ရန် ကုဒ်

*#*#273283*255*663282*#*#*


4. Service mode

*#*#197328640#*#*



5. End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*


6. Reset လုပ်ခြင်း

*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို
အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။


*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ပစ်ပါသည်။

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics
ကျွန်တော် သိသလောက်၊ တတ်သလောက်လေး ပြန် Share ပေးထားတာပါ။ အမှားပါရင်လည်းခွင့်လွှတ်ပါ။
အောင်ခိုင်မိုး

Huawei T8810 ( ANDROID VERSION 2.2.2 ) ကို ROOT လုပ်ကြရအောင်......


Unknown | 3:05 PM |

 Comment မှာ Mya Myint Zu မေးထားတာကိုကျွန်တော်တွေ့လိုက်လို့ တင်ပေးလိုက်ပါတယ်။
T8810 ကိုင်ဆောင်သူများ ROOT လုပ်ဖို့အတွက်ပါ။
  • ဘာမှတော့မခက်ပါဘူး။ အရင်ဆုံးလိုအပ်တဲ့ Root Tools ကို ဒီနေရာလေး မှာ Download လိုက်ပါ။
  • ပြီးရင်တော့ မိမိဖုန်းမှာ Install လုပ်လိုက်ပါ။
  • Install လုပ်ပြီးရင် Open လိုက်ပါ။
  • Superuser Request လို့မေးလာရင် Allow လုပ်ပါ။
  • ပြီးရင် Box တစ်ခုပေါ်လာပါမယ်။ Ok နှိပ်ပါ။
  • Ginger Break ထဲရောက်သွားပါမယ်။ Root Device ကိုနှိပ်လိုက်ပါ။
  • Rooting လုပ်နေတာကိုတွေ့ရပါမယ်။ ပြီးရင်ဖုန်းက Auto reboot လုပ်သွားပါမယ်။
  • ပြီးရင်မိမိရဲ့ဖုန်းမှာ Superuser လေးရောက်နေမှာဖြစ်ပါတယ်။
ဒါဆိုအဆင်ပြေပါပြီ။ မြန်မာဖောင့်မြင်ရဖို့အတွက် ဒီနေရာ မှာ သွားကြည့်ပြီးလုပ်နိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။
အောင်ခိုင်မိုး

Samsung Galaxy Note GT-N7000 ကို Offical ICS 4.0.4 သို့ Firmware မြင့်ကြရအောင်.....


Unknown | 1:54 PM |



 Samsung Galaxy Note GT-N7000 ကိုင်ဆောင်သော သူများအတွက် Official ICS Firmware လေးတင်လို့ရပါပြီ။ Official ROM ဖြစ်တဲ့အတွက် Camera Flash bud ပြဿနာတွေ Google Play နဲ့ အခြား Application တွေတော်တော်များများမှာ Force Close ဖြစ်တာတွေကို အကုန်လုံး ဖြေရှင်းထားပါတယ်။ ICS ( Ice-Cream Sandwich ) လေးကို နှစ်သက်သဘောကျတဲ့သူများ မိမိရဲ့ G-Note ကို 4.0.4 သို့ မြင့်ကြရအောင်........
* Firmware မမြင့်ခင် မိမိရဲ့ဖုန်းကို အရင်ဆုံး လိုအပ်တာတွေ၊ အရေးကြီးတာတွေ backup လုပ်ထားကြပါ။ *
လိုအပ်သော File များကို အောက်မှာ Download ချသွားပါ။

Unlock Bootloader For Huawei C8812


Unknown | 11:26 AM |



ကျွန်တော့်ကို C-Box မှာ အကို တစ်ယောက် တောင်းလာလို့တင်ပေးလိုက်ပါတယ်။ Bootloader ကြီးပဲ သီးသန့်တောင်းထားတဲ့အတွက် သီးသန့်တင်ပေးလိုက်ပါတယ်။ နောက် Post မှာ ကျွန်တော် C8812 ကို ROOT လုပ်ဖို့ နောက်ထပ် တစ်နည်းတွေ့လို့ ထပ်တင်ပေးလိုက်ပါမယ်။ ချက်ချင်းပြန်မရေးပေးနိုင်တာ တောင်းပန်ပါတယ်ခင်ညာ............. :-(

GSM/WCDMA ဖုန်းတွေရဲ့ MPTGSM/MPTWCDMA ဆိုတဲ့စကားလုံးကိုပြင်ကြရအောင်.....


Unknown | 12:06 PM |

ဒါကတော့ GSM/WCDMA ဖုန်းကိုင်ဆောင်သူတွေသိမှာပါ။... Notification ရဲ့ အပေါ်မှာ MPTGSM/MPTWCDMA ဆိုပြီး အမြဲတမ်းရှိနေတတ်ပါတယ်။ အဲဒါလေးကို ကိုယ်စိတ်ကြိုက်ပြောင်းချင်တဲ့သူတွေအတွက်ပါ။ ဥပမာ MPT GSM နေရာမှာ MPT Aungkhinemoe ပေါ့လေ... :-P ပြောင်းချင်တဲ့သူတွေ Download ကြပါ။......

Wifi Speed Booster: Extreme Edition v1.0 For ANDROID


Unknown | 11:43 AM |



ဒီ App ကတော့ ဖုန်းဖြင့် Wifi ချိတ်ဆက်အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ကောင်လေးပဲ ဖြစ်ပါတယ်။ မိမိဖုန်းရဲ့ Wifi Signal ကို မြင့်ပေးပါတယ်။ ဟုတ်မဟုတ်လေး စမ်းသုံးကြည့်ကြပါဦး... ကျွန်တော့်ဖုန်းကတော့ Wifi နဲ့မသုံးတဲ့အတွက် စမ်းလို့မရပါဘူး။ အောက်ကပုံမှာကြည့်လိုက်ပါဦး.....

Wechat တွင် Voice လေးတွေကို Funny လေးတွေလုပ်ပြီး Voice Message ပို့ရအောင်......


Unknown | 11:32 AM |



ဒါလေးကတော့ တော်တော်လေးလန်းပါတယ်။ ကျွန်တော်လည်း Wechat ကို ကလိနေရင်းနဲ့ ဒီ Software လေးကို တွေ့သွားပါတယ်။ Wechat အသုံးပြုပြီး Voice Message တွေပို့တဲ့အခါ ဒါလေးက ပိုပြီးတော့တောင် အသုံးဝင်နေပါသေးတယ်။ ကိုယ့်ရဲ့အသံလေးတွေကိုKitty, Uncle, Echo, Hurry, Slow စတဲ့အသံတွေသို့ပြောင်းပြီး ပို့လို့ရပါတယ်။ တစ်ဖက်လူကတော့ ဘယ်သိမလဲ.... အံသြသွားမှာပေါ့.... သူငယ်ချင်းတို့လည်း အံသြသွားအောင်လုပ်ချင်ကြပါသလား ??? လုပ်ချင်ရင်တော့ အောက်မှာဆွဲသွားပေါ့နော်.... Wechat Application မရှိသေးသူတွေအတွက် ဒီနေရာလေး မှာ သွားယူနိုင်ပါတယ်။ ကိုယ့်ရဲ့ပြောင်းပြီးသားအသံကို Share မှာ Wechat ကိုရွေးပေးလိုက်ရင်ရပါပြီ။ FB မှာလည်း Share လို့ရပါတယ်။ Wechat Voice ကို အောက်မှာယူသွားပါ။ Features တွေကိုလည်းရေးပေးလိုက်ပါတယ်။

MMHub ပရိတ် app


Unknown | 10:45 AM |

MMHub ပရိတ် App သည် Android System သုံး Offline Application တစ်ခုဖြစ်ပါသည်။ ၄င်း App ကို အသုံးပြုခြင်းဖြင့် ပရိတ်တော်များကို ဖတ်ရှု့ ရွတ်ဆိုနိုင်ခြင်း၊ ထို့သို့ရွတ်ဆိုရာတွင် လည်း Internet ချိတ်ဆက်ထားရန် မလိုအပ်ပဲ တရားတော်များကို အသံဖြင့် တစ်ပြိုင်နက် နာယူနိုင်ပါသည်။ ထို့အပြင် Root မလုပ်ထားသော (သို) မြန်မာ Font မထည့်ထားသော Android System သုံး Phone များတွင်လည်း မြန်မာစာလုံးများကို အဆင်ပြေချောမွေ့စွာ ဖတ်ရှု့နိုင်ပါသည်။
မူရင်းဆိုက်ရဲ. ဒေါင်းလုတ် လင်.ပါ... ဒီမှာ ရယူပါ
ဒီဆိုက်အတွင်းသို. အလည်လာကြသူများ ချမ်းသာကိုယ်စိတ်မြဲပါစေ
Credit to www.myanmarhub.org

ဝေဖြိုး

Solid Explorer v 1.3.5 beta For ANDROID


Unknown | 2:02 PM |


ကဲ...... ကျွန်တော်လည်း Post တွေမရေးတာ ၁ လကျော်လောက်ရှိပါပြီ။ ဒီတစ်ခါတော့ တစ်နေ့ကို Post တစ်ခုလောက် ရအောင်ရေးမယ်လို့ အားတင်းပြီး ရေးလိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်မွေးနေ့မှာ မဇာရည် မုန့်ကျတော့ မကျွေးဝူး လို့ ပြောထားလို့ ခုကျွေးလိုက်ပါပြီ။ :-D။ ဒီမုန့် ( အဲ! )  Software လေးကတော့ File Explorer ကောင်းကောင်းတွေထဲက ကျွန်တော် သဘောကျတဲ့ Software လေးပဲဖြစ်ပါတယ်။ Theme ကလည်း ရိုးရိုးလေးနဲ့ ကြည့်ရတဲ့သူတွေကို ဆွဲဆောင်မှုရှိစေပါတယ်။ သူ့ရဲ့ Main Features တွေကို ကြည့်လိုက်ပါဦး.....

Huawei U8812D(2.3.6)ကိုRoot လုပ်ကြရအောင်


Unknown | 1:59 PM |

ှ

ကဲ...... ANDROID PALACE က ဘော်ဒါတို့ရေ.... ကျွန်တော့်ကို C-Box မှာ ကိုဝဏ္ဍမေးထားလို့ တင်ပေးလိုက်ပါတယ်။ အားလုံးလည်း အဆင်ပြေမယ်လို့ ထင်ပါတယ်။ အရင်ဆုံး လိုအပ်တဲ့ Root Tools လေးကို အောက်မှာ အရင် Download လုပ်လိုက်ပါ။

Happy Birthday For Moe lay(whatsapp,wechat,tume)


Anonymous | 12:41 AM |

ဒီနေ့ကဒီဆိုဒ်လေးကိုတည်ထောင်ထားတဲ့အောင်ခိုင်မိုးရဲ့မွေးနေ့ပါ...သူ့မွေးနေ့မှာအမှတ်တရဖြစ်သွားအောင်
လို့လက်ဆောင်အဖြစ်ဘလော့မှာအသုံးဝင်မယ့်ဆော့ဝဲလ်လေးတွေကိုတင်ပေးပါ့မယ်...ကဲဒီတခါတော့သူငယ်ချင်း
များအတွက် whats app , we chat , Tu me ဆိုတဲ့ Application ညီအကိုသုံးယောက်ကိုသူငယ်ချင်းတို့ကိုဝေမျှပေးလိုက်ပါတယ်.......ဒီဆော့ဝဲလ်လေးတွေက
viber ထက်တောင်ပိုကောင်းပါသေးတယ်...Group Chat တို့ Messageတို့အပြင် ပုံတွေနဲRecording နဲ့အသံဖမ်းထားတဲ့File တွေကိုပါပေးပို့အသုံးပြုလို့ရတဲ့အတွက်အသုံးပြုချင်တဲ့app လေးကိုအောက်မှာဒေါင်းလုပ်ရယူလို့ရပါတယ်....
အသုံးပြုပုံက viber လိုမျိုး Code no; တွေထည့်ပြီးသုံးရမှာဖြစ်တဲ့အတွက်သိပြီးသားလူတွေကတော့သိပ်တော့ခက်ခဲမယ်မထင်ပါဘူး....

ချစ်စရာကောင်းတဲ. Asistant မလေး


Unknown | 12:14 PM |

ကိုယ်ရဲ.ဖုန်းမှာ ချစ်စရာကောင်းတဲ. Assitant မလေးတစ်ယောက်မထားချင်ကြဘူးလား?ကိုယ်ရှာချင်တာကို Google မှာရှာပေးတယ်..စကားပြောရင်ပြန်ပြောတယ်..အရမ်းမိုက်ပါတယ်....ကိုယ်ရဲ. English Learning လဲ တိုးတက်လာမှာပါ...။ ဒီမှာ ဒေါင်းပါ
Asistant ရဲ. Skill တွေကို Growth ဖြစ်အောင်လုပ်ရမှာ ဖြစ်ပြီး သူရဲ. Avator ပုံစံကိုလဲ နှစ်သက်ရာပြောင်းနိုင်ပါတယ်..နည်းနည်းအချိန်ပေးနေရပေမယ်. စက်ရုပ်တွေအတွက် အကျိုးရှိမယ်. ဆော.ဖဲဝ်လေးပါ..။

Huawei Ascend P1 U9200 (Root + Unlock)


Unknown | 12:32 PM |



Huawei Ascend P1 U9200 အတွက် ကျွန်တော် Firmware တင်ပေးလိုက်တော့ Root နည်းလာတောင်းကြတဲ့သူများအတွက် အခုတစ်ခါမှာတော့
U9200 ကို လွယ်လင့်တကူ Root နိုင်တဲ့ Tools လေးကို တင်ပေးလိုက်ပါတယ် အဆင့်လေးတွေကိုလဲ ပြောပြသွားမှာဖြစ်လို့ အဆင်ပြေလွယ်ကူစွာ ပြုလုပ်နိုင်ကြမှာပါ။
အရင်ဆုံး Unlock Bootloader Tools လေးကို အောက်က Link မှာ အရင်ဒေါင်းလိုက်ပါ
ကွန်ပြုတာထဲကို ဒေါင်းလုပ်ဆွဲပြီးရင် Zip ဖြေလိုက်ပါ
U9200 Root.exe ဆိုတာလေး ရလာပါမယ် ကလစ်နှိပ်ပြီး Run လိုက်ပါ
ပြီးရင်တော့ ဖုန်းကို Unknown Sources အမှန်ခြစ်ပေးပါ
USB Debugging ကိုလဲ အမှန်ခြစ်ပေးပါ
ပြီးရင် ဖုန်းကို ကွန်ပြုတာဖြင့် စချိတ်ပါ။
Driver အားလုံးသိနေရပါမယ်…
ခုဆိုရင်တော့ စတင် Root ပါတော့မယ်..
အထက်ပါ ပုံအတိုင်း U9200 Root.exe Run နေတဲ့ ပုံလေးပါ
ပြီးရင်တော့ Root ဆိုတဲ့ Button လေးကို နှိပ်ပေးပါ ဘာမှ လုပ်စရာမလိုပဲ
သူ့အလိုလို Root သွားပါလိမ့်မယ်…
မြန်မာဖောင့်ထည့်တာနဲ့ ကျန်တာတွေကိုတော့  လုပ်တက်မယ်ထင်လို့
ထပ်မရေးတော့ပါဘူး။
အဆင်ပြေလွယ်ကူစွာ Root နိုင်ကြပါစေ..
အခက်အခဲရှိခဲ့ရင်
thitsankhant@gmail.com ကို ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်..

Basic Android App development E book


Unknown | 10:38 AM |

စက်ရုပ် ပိုင်ရှင်တွေ လေ.လာလို. ရအောင် စာအုပ်လေးတအုပ်ကိုတော. ထူးထူးခြားခြားတင်ပေးပါ.မယ်..။
အဲဒါကတော. ဆရာကို  ၀င်းဟိန်းရေးသားတဲ. Android Application ရေးသားဖန်တီးခြင်းဆိုင်ရာ အခြေခံသဘောတရားတွေပါပါတယ်..Android Application ရေးသားခြင်း အခြေခံသင်တန်းတခုမှာ သင်ရတဲ. သဘောတရားတွေကို စုစည်းပေးထားတာ ဖြစ်လို. အကျိုးရှိမယ်.စာအုပ်လေးပါ...။
ဖတ်ရှုရင်း ပျော်ရွှင်ပါစေ...။ နီးစပ်ရာကိုလဲ Share ပေးကြပါဦး
အောက်မှာ ဒေါင်းပါ။
Basic Android Book


Development together
ဝေဖြိုး