Samsung Galaxy S Advance (Root)


Unknown | 1:43 AM |


Galaxy S Advance ကို Root နည်းရေးဖို့ ဖုန်းဆက်နည်းနဲ့ တစ်မျိုး အွန်လိုင်းမှ တစ်ဖုံ
ဝိုင်းဝန်း နှိပ်စက်ကြကုန်သော Online မိသားစု တွေ အတွက်
ကျွန်တော် ဒီပိုစ်လေးကို တင်ပေးလိုက်ရပါတယ်..
အရင်လိုပဲ အားလုံး နားလည် လွယ်မယ့် ပုံစံလေးနဲ့ တင်ပေးလိုက်ပါတယ် ခင်ဗျာ။
၁။ အရင်ဆုံး Driver နဲ့ GT-I9070_root.rar ဖိုင်လေးကို Download ဆွဲပါ။
ဒါလေးကတော့ အများအားဖြင့် ကြုံတွေရတဲ့ Driver မသိတဲ့ ပြသနာကိုဖြေရှင်းဖို့
SAMSUNG_USB_Driver လေးပါ
၂။ အခုဆိုရင် Download ဆွဲလို့ပြီးသွားပြီဖြစ်ပါတယ်…
GT-I9070_root.rar ကို ဖြေလိုက်ပါ။
၃။ GT-I9070_EUR_XX_8G_20111220_KL6.pit
Odin3 v1.83.exe
rootkernel.tar.md5
xxld1.tar.md5
တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
၎။ Odin3 v1.83.exe ကို ဖွင့်ပါ
၅။ ဖုန်း Settings ကိုသွားပါ, ပြီးရင် Aplications -> Development ထဲကိုဝင်
USB Debugging နှင့် Allow mock locations.နှစ်ခုလုံးအား အမှန်ခြစ်ပေးထားပါ။
၆။ ဖုန်းကို ပါဝါပိတ်ပါ  ငါးစက္ကန့်ကြာလျင် Download mode ကိုဝင်ဖို့အတွက်, ဖုန်း၏ Volume Down + Home button + Power buttonကိုတွဲ နှိပ်ထားပေးပါ
Download Mode ပေါ်လာလျင် လွှတ်လိုက်ပြီး ကွန်ပြုတာနှင့် ကြိုး စတင်ချိတ်ဆက်ပါ။
၇။ ဒီအချိန်မှာသာ Samsung Driver မသိခဲ့ရင် Deriver ကို Install လုပ်ပေးပါ။
Driver သိသွားပြီဆိုရင်တော့ Odin ရဲ့ ပထမ အကွက်လေးမှာ မီးလေး ၀ါမယ် ဒါမှမဟုတ် စိမ်းလာပါမယ်။
ဒါဆို စတင်လို့ရပါပြီ။
၈။ PIT ဆိုတဲ့ ခလုပ်လေးကို နှိပ်ပါ ပြီးရင် ခုနက ဖြေထားတဲ့ Root ဖိုင်လေးထဲက
GT-I9070_EUR_XX_8G_20111220_KL6.pit ကို ရွေးထည့်ပေးလိုက်ပါ
PDA ဆိုတဲ့ ခလုပ်လေးမှာတော့ rootkernel.tar.md5 ကိုရွေးထည့်ပေးပါ
ပြီးရင်တော့ Auto Reboot နဲ့ F.Reset Time ဆိုတာလေး နှစ်ခုကိုသာ အမှန်ခြစ်ပြီး
Start ကိုနှိပ်ပါ သူ့ဟာသူ အလုပ်ဆက်လုပ်သွားပါလိမ့်မယ်။
၉။ PASS! ဆိုပြီး အစိမ်းရောင်လေး ဖြစ်ပြီး ဖုန်းပါဝါပွင့်လာမှ ကြိုးဖြုတ်ပါ ဒါဆိုရင် သင့်ဖုန်း Root ဖြစ်သွားပါပြီ။
အားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ..
အခက်အခဲ ရှိရင် ဖုန်းဆက်နိုင်ပါတယ်
Thit San Khant
thitsankhant@gmail.com
09421016108