Huawei U8861,U8818,U8812 ကို ROOT လုပ်မယ်။


Unknown | 2:00 PM |


ကျွန်တော့်ကို မေးလာတဲ့အကိုနှစ်ယောက်သုံးယောက်လောက် ရှိလို့ ကျွန်တော် တင်ပေးလိုက်ပါတယ်။ ROOT လုပ်ဖို့ တင်ပေးလိုက်ပါတယ်။ အရင်ဆုံးတော့ မိမိကွန်ပျူတာမှာ Driver ရှိရပါမယ်။ မရှိတဲ့သူများ အောက်မှာ ယူသွားလိုက်ပါ။


 
 ပြီးလျှင် USB Debugging နဲ့ Unknown Source ကို ဖုန်းရဲ့ Setting > Application > မှာ Unknown Source ကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီးလျှင် Development ထဲ ထပ်ဝင်ပါ။ USB Debugging ကို အမှန်ခြစ်ပေးပါ။ ပြီးလျှင် Application > Fast Boot ကို On ပေးထားလျှင် off ပြန်လုပ်ပါ။
 
ပြီးလျှင် ဖုန်း Power ကို ပိတ်လိုက်ပါ။ ပိတ်ပြီးလျှင် Volume Down ( - ) + Power ကို ဖိထားပါ။ Boot loader မှာ  ရပ်နေပါမယ်။ ရပ်နေလျှင် မိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။

ပြီးလျှင် အောက်မှာ လိုအပ်တဲ့ Super Recovery ကို Download ဆွဲလိုက်ပါ။ ကျွန်တော် နှစ်နေရာ တင်ပေးထားပါတယ်။ အဆင်ပြေတဲ့လင့်ခ်ကနေ Download သွားပါ။

Super Recovery Click  ( Mediafire Link )

Super Recovery Click  ( Drop Box Link )

ပြီးလျှင်မိမိကွန်ပျူတာတွင် .rar ဖိုင်လေးကို Extra လုပ်လိုက်ပါ။ အဲထဲမှာ install-superrecovery-windows.bat ဖိုင်လေးကို Run လိုက်ပါ။

ပြီးလျှင် Phone Battery ကို ဆွဲဖြုတ်လိုက်ပါ။ ပြီးလျှင် ပြန်တပ်ပြီး Power တန်းမဖွင့်ပါနှင့်။ Volume Up + Power ကို ခဏဖိထားလိုက်ပါ။ Android အရုပ်လေးတက်လာပြီး အလုပ်လုပ်နေပါမယ်။
 
ခဏနေရင် Recovery Mode လေး တက်လာပါမယ်။ Recovery Mode တက်လာပြီးလျှင် အဲမှာ Reboot System Now ကို ရွေးပေးလိုက်ပါ။ Power ခလုတ်အသုံးပြုပြီး ရွေးပေးပါ။
 
ဒါဆို စက်က Reboot ပြန်ကျသွားပြီး ပြန်တက်လာလျှင် Application List ထဲမှာ Super su ဆိုတဲ့ Icon လေး တွေ့ရလျှင် ROOT လုပ်တာ အောင်မြင်သွားပါပြီ။ 
 
မြန်မာဖောင့်ထည့်နည်းကိုတော့ ဒီပို့စ်လေးမှာ ရေးပေးထားတာရှိပါတယ်။
 
KEYBOARD သွင်းနည်း  
KEYBOARD သွင်းဖို့အတွက် အောက်မှာ Download လုပ်လိုက်ပါ။  

ပြီးလျှင်  မိမိဖုန်းမှာ Install လုပ်လိုက်ပါ။ ဖုန်းရဲ့ Setting > Language & Input ကို သွားပါ။ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆို မြန်မာလိုလည်း ရိုက်လို့ရပြီ ဖြစ်ပါတယ်။
 
 
အားလုံးအဆင်ပြေကြပါစေ။
အောင်ခိုင်မိုး