ANDROID ဖုန်းတော်တော်များများကို ROOT လုပ်ထားရုံနှင့် မြန်မာဖောင့်လွယ်လွယ်သွင်းကြမယ်.....


Unknown | 12:49 PM |

ကျွန်တော့်ကို တော်တော်များများလည်း လာမေးကြပါတယ်။ ဒီရက်ပိုင်း အိမ်မှာ ကိစ္စအချို့ရှိတာနဲ့ ပြဿနာတွေ နည်းနည်းရှိလို့ ဘလော့တောင် သိပ်မရေးဖြစ်ဘူး။ မေးထားတာများကို လည်း အားတဲ့အချိန်တိုင်း ၀င်ပြီးတော့ ပြန်ဖြေပေးသွားပါမယ်။ စိတ်မဆိုးဖို့လည်း မေတ္တာရပ်ခံပါရစေ.... ခု SONY ဖုန်းနဲ့ ANDROID ဖုန်း တော်တော်များများကို မြန်မာဖောင့် လွယ်လွယ်သွင်းဖို့ နည်းလမ်းလေး ပြောပါမယ်။ ဘာမှတော့မခက်ပါဘူး။ Myanmar Mobile Application ရဲ့ Product ဖြစ်တဲ့ Font Changer လေးနဲ့ အသုံးပြုသွားပါမယ်။ တော်တော်လည်းလွယ်ပါတယ်။
အရင်ဆုံး DOWNLOAD လုပ်လိုက်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ Superuser Request မေးလာလျှင် Allow လုပ်ပေးပါ။ ဒါဆို Auto-Reboot လုပ်နေပါမယ်။ ပြန်တက်လာရင်တော့ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။ 
ကျေးဇူးတင်ပါတယ်။