ANDROID PALACE FACEBOOK GROUP

ANDROID PALACE FACEBOOK GROUP

FACEBOOK တွင် ANDROID PALACE ရှိသူငယ်ချင်းများအားလုံးအချင်းချင်း မသိတာများ ဆွေးနွေးရန် တည်ထောင်လိုက်ပါသည်။ Facebook တွင် အဖွဲ့ဝင်လုပ်ချင်ပါက ခေါင်းစဉ်ကိုနှိပ်လိုက်ပါ။

Quas molestias excepturi
BASIC ANDROID APP DEVELOPMENT(E-BOOK-MYANMAR)

BASIC ANDROID APP DEVELOPMENT(E-BOOK-MYANMAR)

ANDROID အကြောင်းလေ့လာပြီး APP တွေကိုယ်တိုင်ရေးချင်သူတွေအတွက် လေ့လာလို့ရမယ့် ဆရာကိုဝင်းဟိန်း ရေးသားထားတဲ့ ANDROID APP DEVELOPMENT စာအုပ်လေးတင်ပေးလိုက်ပါတယ်။

Impedit quo minus id
ROOT လုပ်ထားရုံနှင့်မြန်မာဖောင့်သွင်းကြမယ်။

ROOT လုပ်ထားရုံနှင့်မြန်မာဖောင့်သွင်းကြမယ်။

ANDROID ဖုန်း တော်တော်များများကို မြန်မာဖောင့် လွယ်လွယ်သွင်းဖို့ နည်းလမ်းလေး ပြောပါမယ်။ ဘာမှတော့မခက်ပါဘူး။.....

Voluptates repudiandae kon
Moborobo All In One Android PC Suit 2012

Moborobo All In One Android PC Suit 2012

ANDROID PHONE တွေအားလုံးကို ကွန်ပျူတာပေါ်ကနေ လွယ်လွယ်ကူကူအသုံးပြုလို့ရမယ့် Software လေးပါ။

Mauris euismod rhoncus tortor
Showing posts with label Android Service. Show all posts
Showing posts with label Android Service. Show all posts

Android Phone Drivers များ


Unknown | 1:41 PM |

ဘော်ဒါတို. Android ဖုန်းတွေ နဲ. ကလိဖို. ကွန်ပြူတာနဲ ချိတ်ဖို. စတဲ. အချိန်တွေမှာ ဖုန်းရဲ. Driver တွေလို ပါတယ်..မိမိကွန်ပြူတာက Driver မသိရင် ဘာမှ မလုပ်ပေးပါဘူး ..။
ကဲ ဒါကြောင်. Drivers လေးတွေ Share ပေးလိုက်ပါတယ်..။

ZTE Phone Driver

Samsung All in one driver

HTC phone driver

 Huawei drivers များ


စသည်. လင်.တွေမှာ ဒေါင်းလုပ် ရယူနိုင်ပါပြီ..
မှတ်ချက် Sony Ericsson အတွက် မကြာခင် တင်ပေးသွားမှာဖြစ်ပါတယ်



ဝေဖြိုး

Android ဖုန်း တော်တော်များများကို Root လုပ်မယ်


Unknown | 10:44 AM | ,

 Unlockroot tool ဆိုတဲ. ဆော.ဖဲဝ်လေးနဲ. မိတ်ဆက်ပေးပါရစေ..
ပထမဆုံး  ဒီနေရာမှာ ဒေါင်းလုဒ်ရယူပါ..ပြီးရင်
မိမိ Root ချင်သော ဖုန်းရဲ. သက်ဆိုင်ရာ Driver များကို ကွန်ပြူတာတွင် install လုပ်ပါ...။
လုပ်ပြီးရင် unlockroottool.exe ကို ကွန်ပြူတာတွင် install လုပ်ပါ..။လုပ်ပြီးရင် unlockroot ကိုဖွင်.ပါ..။
Root လုပ်ရန်   Root ဆိုသော ခလုတ်ကလေးကို နှိပ်ပါ..။ အဲဒီအချိန်တွင် မိမိဖုန်းကို Unlock root tool က အလိုအလျောက်သိပြီး  မိမိဖုန်း ရဲ. နာမည်ပေါ်လာမည်ဖြစ်သည်..။

Huawei U8818 ICS 4.0.3 ကို Root ကြမယ်


Unknown | 5:06 PM |

ကဲ ဟိုတစ်နေ.က Version 2.3.6 ကနေ 4.0.3 တင်ထားတဲ.လိုက်တဲ. U8818 သမားတွေ အတွက်
Root လုပ်နည်းလေးပါ..။
http://www.mediafire.com/?m28766pxgyxdx1d  
ဒီလင်.ကနေ Unlock Boot Loader ကိုဒေါင်းပါ။
အရင်ဆုံး Bootloader unlock လုပ်ရပါမယ်..။
1. ပထမဆုံး ဒေါင်းလို.ရလာတဲ. unlockbootloader.exe ကို ကွန်ပြူတာတွင် run ပါ...
2. Huawei Driver တင်ထားဦးနော်...Phoneထဲမှာ driver ပါပါတယ်
3. ထုံးစံအတိုင်း Setting/application/Development/USB Debugging ကို on ထားဦးနော်...မေ.နေဦးမယ်
4.ကွန်ပြူတာတွင် unlockbootloader ကို run တော .Box လေးတစ်ခုကျလာလိမ်မယ်.

Huawei U8818 ကို ICS 4.0.3 ထိ version မြှင်.ကြမယ်


Unknown | 12:03 PM |

အရင်ဆုံးလိုအပ်တဲ. Firmware ဖိုင်ကို အောက်ပါလင်.မှ ရယူလိုက်ပါ...
U8818 ICS firmware
ဒေါင်းပြီးသွားရင်
၁.    ဒေါင်းထားတဲ. Zip ဖိုင်ကို ဖြည်လိုက်ပါ။
၂    .dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
       ထိုfolder ထဲမှာ UPDATE.APP ဖိုင် ကိုတွေ့ပါလိမ့်မယ်
၃.     Memory Card ကောင်းကောင်း 2GB (or) 4GB  ကိုအရင် Format ရိုက်လိုက်ပါ။ စိတ်ချရအောင်လို.ပါ။
၎.      UPDATE.APP ကို SD card ထဲ ကူးထည်.ပါ
၅.      ဖုန်းတွင် SD ကဒ်ပြန်တပ်လိုက်ပါ။ ပြီးရင် ဖုန်းကို Powerဖွင်.လိုက်ပါ။

Android Phone Pattern lock ဖြည်နည်း


Unknown | 12:07 PM |

Android Palace မှာ Ko Soerawin ဆိုတဲ. ဘော်ဒါတစ်ယောက်က Android Phone တွေမှာ Pattern Lock ဖြည်တဲ.နည်း မေးထားလို. ဖြေလိုက်ပါတယ်..။
 Pattern Lock ဖြည်နည်း (2) နည်းတော. ကျွန်တော်တွေ.ထားပါတယ်။နောက်ထပ် နည်း ကို ကျွန်တော်ရှာနေပါတယ်..။

ပထမနည်းက
ဖုန်းကို ပါဝါပိတ်ပြီး Recovery Mode ထဲကနေwipe data/Factory Reset ချလိုက်ရင် Pattern lock ပျက်သွားမှာ ဖြစ်ပေမယ်. User data တွေလဲ ပျက်မှာ ဖြစ်သောကြောင်. နှမြောစရာကြီးပါ..။

ဒုတိယနည်းက

Huawei C8500 ကို ROOT လုပ်ရအောင်......


Unknown | 3:21 PM |


ကျွန်တော့်ကို C-Box မှာ အကိုတစ်ယောက် မေးလာလို့ တင်ပေးလိုက်ပါတယ်။ C8500 ကို ROOT လုပ်ချင်တဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်။ ဘာမှတော့ သိပ်မခက်ပါဘူး။ အရင်ဆုံး z4root ကို Download ဆွဲလိုက်ပါ။

Huawei U8861,U8818,U8812 ကို ROOT လုပ်မယ်။


Unknown | 2:00 PM |


ကျွန်တော့်ကို မေးလာတဲ့အကိုနှစ်ယောက်သုံးယောက်လောက် ရှိလို့ ကျွန်တော် တင်ပေးလိုက်ပါတယ်။ ROOT လုပ်ဖို့ တင်ပေးလိုက်ပါတယ်။ အရင်ဆုံးတော့ မိမိကွန်ပျူတာမှာ Driver ရှိရပါမယ်။ မရှိတဲ့သူများ အောက်မှာ ယူသွားလိုက်ပါ။


 

C8812 တွင် 3G Internet Setting ထည့်နည်း


Unknown | 11:16 AM |


ကျွန်တော့်ကို C-Box မှာ အကိုတစ်ယောက် မေးထားလို့ တင်ပေးလိုက်ပါတယ်။ ဖုန်းစ၀ယ်ပြီဆိုရင် မိမိဖုန်းမှာ အင်တာနက်လိုင်း လျှောက်ထားရင် ဆိုင်က 3G Internet Setting ကို တစ်ခါတည်းထည့်ပေးထားတာ များပါတယ်။ ခုကျွန်တော် ကိုယ်တိုင်ထည့်ချင်တဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်။ အင်တာနက်လိုင်းလျှောက်ထားပြီး သုံးလို့မရတာက မိမိဖုန်းမှာ APN မှန်အောင် မထည့်ထားလို့ပါ။ တော်တော်များများကလဲ အဆင်မပြေကြပါဘူး ဒါကြောင့်အောက်မှာ APN ထည့်နည်း ရေးပေးလိုက်ပါတယ်။

Huawei C8812 ROOT လုပ်နည်း၊ မြန်မာဖောင့်သွင်းနည်း။


Unknown | 12:04 PM |


ကျွန်တော် ရှေ့မှာလည်း Huawei C8812 ကို ROOT လုပ်နည်း တင်ပေးပြီးသွားပါပြီ။ C-Box မှာ အစ်ကို တစ်ယောက်က အဆင်မပြေဘူးဆိုလို့ သီးသန့်ရေးပေးလိုက်ပါတယ်။ ခုနောက်ပိုင်း CDMA တွေအတွက် အသစ်ထုတ်လိုက်တဲ့ C8812 ကို လူတော်တော်များများ ကိုင်လာကြပါတယ်။ Android Version 4.0.3 ( ICS ) မို့လို့ တော်တော်များများကလည်း စိတ်ဝင်စားကြပါတယ်။ ခုကျွန်တော် ROOT လုပ်နည်းလေး တင်ပေးသွားပါ့မယ်။

Huawei C8800 ကို Version 2.x.x ကနေ 2.3.6 ကို မြှင့်ကြရအောင်...


Unknown | 3:50 PM |


ကျွန်တော် C8800 ကိုင်တဲ့သူတွေအတွက် မိမိဖုန်းရဲ့ Android Version ကို မြှင့်ဖို့ ကျွန်တော်တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း C8800 ကိုင်တာပါ။ အားလုံးကို ကျွန်တော် သိတာလေး ပြန်မျှဝေပေးလိုက်ပါတယ်။ တော်တော်လေးလည်း လန်းသွားလို့ ကျွန်တော်တင်ပေးလိုက်ပါတယ်။ အောက်မှာ ကြည့်လိုက်ပါ။ လန်းလွန်းလို့ မျက်လုံးတောင်မနည်းဖွင့်ရတယ်။ : D 
မှတ်ချက် ။      ။  အောက်က အဆင့်များကိုသေသေချာချာဖတ်ပြီးလုပ်သွားပါ။ ကျော်လည်းမဖတ်ပါနှင့်။

Samsung Galaxy Gio S5560 Rootလုပ်နည်း


Anonymous | 2:49 PM |



Samsung Galaxy Gio S5560 ကိုင်ဆောင်တဲ့သူငယ်ချင်းများအတွက် Root လုပ်နည်းလေးတင်ပေးလိုက်ပါတယ်.......
1. ပထမဆုံး ဒီနေရာမှာ zipfile လေးကိုဒေါင်းလုပ်ဆွဲလိုက်ပါ...
2 .ပြီးလျှင်ဖုန်းနဲ့ကွန်ပြူတာကိုချိတ်ဆက်ရပါမယ်...................
3.ဖုန်းရဲ့ SD Card ထဲမှ Data(or)folder များကို Format ရိုက်ပါ(မိမိဖုန်း၏ SD Card
    Storage နှင့်သာသက်ဆိုင်ပါသည်၊ 2GB သုံးလျှင် Format ရိုက်တာအကောင်းဆုံးပါ၊ 4GB  
သုံးသူများအတွက်တော့ကိစ္စမရှိပါ၊) 
4. ထို့နောက်ဒေါင်းလုပ်ဆွဲထားသော Zipfile ကို SD Card ထဲသို့ကူးထည့်ပြီးလျှင်ဖုန်းကိုကွန်ပြူတာမှ Turnoff ပြုလုပ်ပါ၊ပြီးလျှင်ဖုန်းကို Power off လုပ်ပါ...........
5. ပြီးလျှင်ဖုန်းရဲ့ Middle button နှင့် Power ခလုတ်ကိုတပြိုင်တည်းဖိနှိပ်ပေးပါ........
6. Samsung Galaxy Gio Logo တက်လာပြီး ခဏနေလျှင် Recovery Mode တက်လာပါလိမ့်မည်......
7. Volume up(or)down အားအသုံးပြုပြီး update from SD Card ကိုရွေးပေးပါ၊ပြီးလျှင်ခုနက ဒေါင်းလုပ်လုပ်ထားသော update zipfile ကိုရွေးပေးပါ၊ရွေးချယ်ပေးရန်အတွက် Middle ခလုတ်ကိုအသုံးပြုနိုင်ပါသည်...........
8. ပြီးလျှင် +++Go back+++ ဖြင့်ပြန်ထွက်ပြီး Reboot System Now ကိုရွေးပေးပါ......
ဒါဆိုရင်တော့သူငယ်ချင်းဖုန်းထဲမှာ Superuser ရသွားပါပြီ...
ဘာကြောင့်root လုပ်ရသလဲဆိုတဲ့အစီအစဉ်ကို Samsung Galaxy Ace မှာရှင်းပြပြီးဖြစ်ပါတယ်....
လိုအပ်သောအကူအညီများရှိပါက androidpalacegroup@gmail.com (or) dreamangle2020@gmail.com သို့မေးလ်ပို့ပြီးအကြောင်းကြားနိုင်ပါတယ်....
                                     အားလုံးအဆင်ပြေကြပါစေ
                                       ခင်မင်လေးစားစွာဖြင့်
                                            ဇာရည်ထူး

Huawei C8812+U8818 ကို ROOT လုပ်မယ်။ Myanmar Font ထည့်မယ်။


Unknown | 1:37 PM |


ဇူလိုင်မိုး : HUAWEI U8818 အတွက် root လုပ်နည်းလေးကိုတင်ပေးပါအုန်းလို့တောင်းဆိုပါတယ်။

ကျွန်တော် U8818 နဲ့ C8812 ROOT လုပ်နည်း အတူတူပဲမလို့ တွဲတင်ပေးလိုက်ပါတယ်။ အရင်ဆုံး အောက်မှာ Download ချသွားလိုက်ပါ။ 


Root လုပ်နည်း
  1. အားလုံးပြီးသွားရင်တော့ မိမိစက်မှာ မိမိဖုန်း Driver တင်ထားပါ။ ပြီးလျှင် USB Debugging ကို Enable လုပ်ဖို့အတွက် ဖုန်းရဲ့ Setting > Development > USB Debugging ကို အမှန်ခြစ်ပေးလိုက်ပါ။
  2. ပြီးလျှင် မိမိဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးလျှင် Volume Down + Power ကို ဖိထားပေးပါ။ ဒါဆို Logo မှာပဲ ရပ်နေပါမယ်။ ခဏထားထားလိုက်ပါ။
  3. Super Click.rar ကို  Extra Here လုပ်လိုက်ပါ။ အထဲမှာ Super Root ဆိုတဲ့ Folder ကို တွေ့ပါလိမ့်မယ်။ 
  4. အဲထဲမှာ install-superrecovery-windows.bat ဖိုင်လေးကို Run လိုက်ပါ။
  5. ခုနက Logo တက်နေတဲ့အတိုင်း USB ကြိုးဖြင့် မိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။ 
  6. ချိတ်ပြီးလျှင် ခုနက .bat File ကသူ့ကသူ လုပ်နေပါမယ်။ မလုပ်လျှင် Enter ခေါက်ပေးလိုက်ပါ။
  7. ခုနက အလုပ်လုပ်နေတာ ရပ်သွားရင်တော့ ကြိုးကိုဖြုတ်လိုက်ပါ။ ပြီးလျှင် Battery ကိုဖြူတ်ပြီး ပြန်တပ်လိုက်ပါ။
  8. ပြီးလျှင် Volume Up+ Power ကို ဖိထားလိုက်ပါ။ Android Logo လေးတက်လာပါမယ်။ ပြီးလျှင် Recovery Mode ထပ်တက်လာပါမယ်။ 
  9. Volume down+up ကိုအသုံးပြုပြီးReboot System Now ကို Power Button နှိပ်ကာ ရွေးပေးလိုက်ပါ။ Reboot ကျသွားပါမည်။
  10. ပြန်တက်လာပြီဆိုလျှင် မိမိဖုန်းရဲ့ Application List ထဲမှာ Superuser  ဆိုတဲ့ Icon လေးရှိနေပါမယ်။ ဒါဆိုရင်တော့ Root လုပ်တာ အောင်မြင်သွားပါပြီ။
Myanmar Font သွင်းခြင်း

မြန်မာဖောင့်သွင်းဖို့အတွက် Myanmar Mobile Application Store ရဲ့ Product ဖြစ်တဲ့ Font Changer ကို အသုံးပြုသွားမှာပါ။ Font Changer.apk နဲ့ MyanDroid Soft Keyboard.apk ကို မိမိဖုန်းရဲ့ SD Card ထဲ ထည့်လိုက်ပါ။ ပြီးလျှင် နှစ်ခုလုံးကို Install လုပ်လိုက်ပါ။ Font Changer ကိုဖွင့်လိုက်ပါ။ Superuser Requested ! လို့မေးလျှင် Grant ကိုရွေးပေးပါ။ ပြီးလျှင် ဇော်ဂျီဖောင့်ပြောင်းရန် ဆိုတာကို နှိပ်လိုက်ပါ။ သူ့ကသူ Reboot လုပ်နေပါမယ်။ ခဏစောင့်လိုက်ပါ။ ပြန်တက်လာလျှင် မြန်မာလို မြင်ရပြီ ဖြစ်ပါတယ်။ စာရိုက်ဖို့အတွက် ဖုန်းရဲ့ Setting > Language & Keyboard > ထဲမှာ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။

ရမရ စမ်းချင်လျှင် Notepad ကို ဖွင့်လိုက်ပါ။ စာရိုက်မယ့်နေရာမှာ ခပ်ကြာကြာလေး ဖိလိုက်ပါ။ Input Method ပေါ်လာပါမယ်။ အဲမှာ MyanDroid Soft Keyboard ကို ရွေးပေးလိုက်ပါ။ ပြီးလျှင် စာရိုက်ကြည့်ပါ။ မြန်မာလို မြင်ရပြီ ဖြစ်ပါတယ်။ 
 
 
အားလုံး အဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်။
အဆင်မပြေတာများရှိခဲ့လျှင် itmanaungkhinemoe@gmail.com သို့ဖြစ်စေ၊ dreamangle2020@gmail.com သို့ဖြစ်စေ MAIL ပို့နိုင်ပါတယ်။

အောင်ခိုင်မိုး


Kindle Fire 6.3.1 ကို ROOT လုပ်ရအောင်၊ Myanmar Font ထည့်ရအောင်....( For Kindle Fire Version 6.3.1 )


Unknown | 12:09 PM |




ပညာဓိကာလင်္ကာရ(Pyinnyardhikalinkara) ::
Kindle fire -တွေ ကော မြန်မာဖောင့်သွင်းလို့ရတဲ့နည်းလမ်းရှိပါသလား.. ရှိတယ်ဆိုရင် ကျေးဇူးပြုပြီး တင်ပေးစေချင်ပါတယ်..

ကျွန်တော်လည်း ခုနောက်ပိုင်း နည်းနည်းအလုပ်လေးတွေ ရှိလာလို့ Blog ဘက်တောင် အာရုံသိပ် မရောက်ဖြစ်ဘူး။ ခု Mail ထဲမှာ မေးလာတဲ့သူငယ်ချင်း တစ်ယောက်ရှိလို့ အားလုံး အဆင်ပြေအောင် ပြန်တင်ပေးလိုက်ပါတယ်။ စလုပ်လိုက်ကြရအောင်.... : P

 Kindle Fire 6.3.1 ကို ROOT လုပ်နည်း

Kindle Fire  6.3.1 ကို Root လုပ်ဖို့အတွက် မိမိဆီမှာ အင်တာနက်ရှိရမယ်။ Wifi နဲ့ပဲရပါမယ်။ နောက်ပိုင်း Version က 6.3.1 ဖြစ်ရပါမယ်။ ပြီးလျှင် မိမိကွန်ပျူတာတွင် အခြား ဖုန်း Driver များမထည့်ထားပါနှင့်။ ပြီးလျှင် မိမိ Kindle Fire သည် Version 6.3.1 ဖြစ်ရပါမည်။

  1. Root လုပ်ဖို့အတွက် အရင်ဆုံး ဒီနေရာလေး မှာ လိုအပ်တဲ့ Driver လေးကို Download လိုက်ပါ။ 
  2. ပြီးလျှင် မိမိကွန်ပျူတာတွင် Extra Here လုပ်လိုက်ပါ။ 
  3. အထဲတွင် Kindle Fire Utility Folder ကို တွေ့ပါမည်။ အဲထဲမှာ Install Driver.bat ကို ဖွင့်လိုက်ပါ။ Driver ကို Install စလုပ်ပါမယ်။ ခဏစောင့်လိုက်ပါ။
  4. ပြီးလျှင် run.bat File ကိုဖွင့်ပါ။ လိုအပ်သော ဖိုင်များကို သူ့ကသူ Download လုပ်နေပါမည်။ ခဏစောင့်လိုက်ပါ။ 
  5. ပြီးသွားလျှင် အပေါ်က ပုံအတိုင်း ပေါ်လာပါမယ်။ မပေါ်လာပါက မိမိစက်မှာ အခြား ဖုန်း Driver များ ထည့်ထားလို့ပါ။ အခြားဖုန်း Driver ကို ပြန် Uninstall လုပ်လိုက်ပါ။
  6. အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုလျှင် 2 ကိုရိုက်ပြီးတော့ Enter ခေါက်လိုက်ပါ။ 
အပေါ်က အဆင့်တွေ အားလုံးပြီးသွားပါက မိမိ Kindle Fire သည် Root လုပ်လို့ပြီးဆုံးသွားပါပြီ။ 
Kindle File 6.3.1 တွင် Myanmar Font သွင်းခြင်း 

မြန်မာဖောင့် သွင်းရန်အတွက် အောက်မှာ လိုအပ်တဲ့ ဖိုင်များကို Download ချလိုက်ပါ။

  1. Download ပြီးသွားပါက အပေါ်က Download ဆွဲထားတဲ့ဖိုင်အားလုံးကို မိမိ Kindle Fire မှာ Folder တစ်ခုထဲ ထည့်လိုက်ပါ။ပြီးလျှင် Root Explorer ကို Install လုပ်လိုက်ပါ။ Myan-Droid Keyboard ကိုလည်း Install လုပ်ပါ။
  2. ပြီးလျှင် Root Explorer ကို ဖွင့်လိုက်ပါ။ Superuser Requested ! လို့ မေးလာရင် Allow လုပ်ပေးပါ။ 
  3. ပြီးလျှင် SD Card ထဲကိုသွားပါ။ ခုနက Download ဆွဲထားတဲ့ Folder  နေရာကို သွားလိုက်ပါ။
  4. ပြီးလျှင် DroidsamFallback.ttf ဆိုတာကို ခဏဖိထားလိုက်ပါ။ ပြီးလျှင် Copy ရွေးပေးပါ။
  5. ပြီးလျှင် Parent Folder ကိုနှိပ်ပြီးပြန်ထွက်ပါ။ System ထဲကို သွားလိုက်ပါ။ ပြီးလျှင် Font ထဲဝင်လိုက်ပါ။
  6. အပေါ်ဆုံးက Mount R/W ကိုနှိပ်လိုက်ပါ။ Mount R/O ဖြစ်သွားပါမည်။
  7. ပြီးလျှင် Paste လုပ်လိုက်ပါ။ မြန်မာဖောင့် သွင်းခြင်း ပြီးဆုံးသွားပါပြီ။
Keyboard အတွက် Kindle Fire ရဲ့ Setting ထဲသွားပါ။ Language & Keyboard မှာ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးပါ။
ပြီလျှင် မိမိ Kindle Fire ကို Shut Down ချလိုက်ပါ။
ပြန်တက်လာလျှင် မိမိ Kindle Fire မှ office app or notepad တစ်ခုခု ပေါ်တွင် စာရိုက်ရန်နေရာတွင် ခပ်ကြာကြာလေးဖိလိုက်ပါ…Input method ပေါ်လာရင် နှိပ်လိုက်ပါ… Myan Droid Soft Keyboard ကိုရွေးလိုက်ပါ။ ဒါဆို မြန်မာလိုလည်း ရိုက်လို့ရပါပြီ။

အဆင်မပြေရင်လည်း MAIL ပို့ပြီးဖြစ်ဖြစ်၊ C-Box မှာဖြစ်ဖြစ်၊ Comment ပေးပြီးဖြစ်ဖြစ် ပြောနိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

အောင်ခိုင်မိုး

Samsung Galaxy Mini GT-S5570 Rootပြုလုပ်နည်း


Anonymous | 1:55 PM |



ဒီတခါတော့Samsung Galaxy Mini GT-S5570 Andriod Version 2.3.4ကိုင်ဆောင်ထားတဲ့သူငယ်ချင်းများအတွက် Root တင်နည်းလေးကိုဖော်ပြလိုက်ပါတယ်------
1. အရင်ဆုံး ဒီနေရာမှာ zip file လေးကိုဒေါင်းလုပ်ဆွဲလိုက်ပါ။
2.ပြီးလျှင်ဖုန်းနဲ့ကွန်ပြူတာကိုချိတ်ဆက်ရပါမယ်။
3.ဖုန်းရဲ့ SD Card ထဲမှ Data(or)Floder များကို  Storage လုပ်ပြီးလျှင် Format ရိုက်ပါ။(မိမိဖုန်း၏ SD Card Storage နှင့်သက်ဆိုင်ပါသည်။2GB သုံးလျှင် Format ရိုက်တာအကောင်းဆုံးပါ။4GB သမားအတွက်ကတော့ ပြသာနာသိပ်မရှိပါ။
4.ထို့နောက်ဒေါင်းလုပ်ဆွဲထားသော zip file ကို SD Card ထဲသို့ကူးထည့်ပြီးလျှင်ဖုန်းကိုကွန်ပြူတာမှTurn off ပြုလုပ်ပါ၊ပြီးလျှင်ဖုန်းကို Power off လုပ်ပေးပါ။
5.ဖုန်းရဲ့ Power Button နှင့် Home Key ကိုတပြိုင်တည်းဖိနှိပ်ပေးပါ။
6.Samsung Galaxy Mini Logo တက်လာပြီးခဏနေလျှင် Recovery Mode တက်လာပါလိမ့်မည်။
7.Volume up(or)down အားအသုံးပြုပြီး update from sd card ကိုရွေးပေးပါ၊ပြီးလျှင်ခုနကဒေါင်းလုပ်ဆွဲထားတဲ့ zip file ကိုရွေးချယ်ပေးပါ၊ရွေးချယ်ပေးရန်အတွက် Home Key ကိုအသုံးပြုနိုင်ပါသည်။
8.ပြီးလျှင်တော့+++Go Back+++ ဖြင့်ပြန်ထွက်ပြီး Reboot System Now ကိုရွေးပေးပါ။
Install ပြုလုပ်ပြီးလျှင်တော့မိမိဖုန်းထဲမှာ Superuser ရောက်သွားပါပြီ။
သူငယ်ချင်းတို့ရဲ့Samsung Galaxy Mini Root တင်ခြင်းအစီအစဉ်ပြီးဆုံးသွားပါပြီ။
ဘာကြောင့်Root လုပ်ရန်လိုအပ်တယ်ဆိုတာကို Samsung Galaxy Ace မှာရှင်းပြပြီးဖြစ်ပါတယ်။

လိုအပ်သောအကူအညီများရှိပါကitmanaungkhinemoe@gmail.com သို့ဖြစ်စေ dreamangle2020@gmail.com သို့ဖြစ်စေမေးလ်ပို့ပြီးအကြောင်းကြားနိုင်ပါသည်။

                                    အားလုံးအဆင်ပြေကြပါစေ
                                      ခင်မင်လေးစားစွာဖြင့်------
                                          ဇာရည်ထူး

Samsung Galaxy Y S-5360 Root တင်နည်း


Anonymous | 7:18 PM |

Samsung Galaxy Y S-5360 Root တင်နည်း



 Samsung Galaxy Y S-5360 ကိုင်ဆောင်တဲ့သူငယ်ချင်းများအတွက် လွယ်ကူရိုးရှင်းတဲ့ Root လုပ်နည်းလေးကိုတင်ပြပေးလိုက်ပါတယ်--

1.ပထမဆုံး ဒီနေရာ မှာ Zip file လေးကိုဒေါင်းလုပ်ဆွဲလိုက်ပါ။
2.ပြီးလျှင်ဖုန်းနဲ့ကွန်ပြူတာကိုချိတ်ဆက်ရပါမယ်။
3.ဖုန်းရဲ့SD Card ထဲမှ data(or)folder များကို Storage လုပ်ပြီးလျှင် format ရိုက်ပါ။ ( မိမိဖုန်း၏ SD Card Storage နှင့်ဆိုင်ပါသည်။ 2 GB သုံးလျှင် Format ရိုက်တာ အကောင်းဆုံးပါ။ 4 GB သမားအတွက်ကတော့ ပြဿနာ သိပ်မရှိပါ။ )
4.ထို့နောက်ဒေါင်းလုပ်ဆွဲထားသောZip file ကို SD Card ထဲသို့ကူးထည့်ပြီးလျှင်ဖုန်းကိုကွန်ပြူတာမှTurn off ပြုလုပ်ပါ၊ပြီးလျှင်ဖုန်းကို Power Off လုပ်ပါ။
5.ဖုန်းရဲ့ Power Button၊Volume up နှင့် Home ကိုတပြိုင်တည်းဖိနှိပ်ပေးပါ။
6.Samsung Galaxy Y Logo တက်လာပြီး ခဏနေလျှင် Recovery Mode တက်လာပါလိမ့်မည်။
7.Volume  up(or)down အားအသုံးပြုပြီး  update from SD Card ကိုရွေးပေးပါ၊ပြီးလျှင် ခုနကဒေါင်းလုပ်ဆွဲထားတဲ့zip file ကိုရွေးချယ်ပေးပါ၊ ရွေးချယ်ပေးရန်အတွက် Home ခလုတ်ကိုအသုံးပြုနိုင်ပါသည်။
8.ပြီးလျှင်တော့+++ Go Back+++ဖြင့်ပြန်ထွက်ပြီး Reboot System Now ကိုရွေးပေးပါ။
 ဒါဆိုရင်တော့ဖုန်းထဲမှာ Superuser ရသွားပါပြီ။
သူငယ်ချင်းတို့ရဲ့Samsung Galaxy Y ဖုန်း Root ပြုလုပ်ခြင်းအစီအစဉ်ပြီးဆုံးသွားပြီဖြစ်ပါတယ်။
ဘာကြောင့် Root ပြုလုပ်ရလဲဆိုတာကို Samsung Galaxy Ace မှာရှင်းပြပြီးဖြစ်ပါတယ်။

လိုအပ်သောအကူအညီများရှိပါက itmanaungkhinemoe@gmail.com သို့ဖြစ်စေ dreamangle2020@gmail.com သို့ဖြစ်စေ MAIL ပို့အကြောင်းကြားနိုင်ပါသည်။

အားလုံးအဆင်ပြေကြပါစေ။
ခင်မင်လေးစားစွာဖြင့်===
ဇာရည်ထူး
( First ADMIN OF H.D BLOG ! )
                                             

Samsung Galaxy Ace S5830 ကို ROOT လုပ်နည်း


Unknown | 12:16 PM |

ကျွန်တော် နောက်ပိုင်း ဖုန်းတွေကို Root လုပ်နည်းနဲ့ Version မြှင့်နည်းလေးတွေ အားတဲ့အချိန်တိုင်း ရေးပေးသွားပါမယ်။ ခုတော့ ကျွန်တော် Samsung Galaxy Ace ကိုင်တဲ့သူတွေအတွက် Root လုပ်နည်းလေး ရေးပေးသွားပါမယ်။ ခုတော့ကျွန်တော် Root လုပ်နည်းနဲ့ ဘာကြောင့် Root လုပ်ရတာလဲဆိုတာကို ရေးပေးသွားပါမယ်။

 Samsung Galaxy Ace S-5830 ကို Root လုပ်နည်း 

  1. အရင်ဆုံး အောက်မှာ ပေးထားတဲ့ Zip File လေးကို Download ဆွဲလိုက်ပါ။
  2. Download Here
  3. ပြီးရင် မိမိဖုန်းရဲ့ SD Card ထဲကို ထည့်လိုက်ပါ။ ( မှတ်ချက် ။    ။ ထို Zip File အား Extra ပြုလုပ်ခြင်း Rename လုပ်ခြင်းများ မပြုလုပ်ပါနှင့် ) 
  4. မိမိဖုန်းတွင် USB Debugging  ကို Enable လုပ်ဖို့အတွက် ဖုန်းရဲ့ Setting > Applications > Development > USB Debugging ကိုသွားပြီး Enable လုပ်လိုက်ပါ။ ပြီးရင် မိမိဖုန်းကို ပိတ်လိုက်ပါ။
  5.  ပြီးရင် Recovery Mode ကို ၀င်ဖို့အတွက် Volume Up + OK Button ( Middle Button ) + Power သုံးခုစလုံးကို ဖိထားလိုက်ပါ။ Samsung Galaxy Ace Logo တက်လာပီဆိုရင် လွှတ်လို့ရပါပြီ။
  6. အပေါ်သွား အောက်သွားလုပ်ဖို့အတွက် Volume Down + Up ခလုတ်ကို အသုံးပြုပြီး ရွှေးဖို့အတွက် OK Button ( Middle Button ) ကိုနှိပ်ပြီးရွေးပါ။ 
  7.  Install Zip From SD Card ကိုရွေးပေးပါ။ ပြီးရင် Choose From SD Card ကို ရွေးပေးပါ။
  8. ပြီးရင်တော့ ခုနက SD Card ထဲကို ကူုးထည့်ထားတဲ့  Zip File ( upd_1.zip )ကို ရွေးပေးလိုက်ပါ။ 
  9.  သိပ်လည်း မကြာပါဘူး။ အများဆုံး ၅ မိနစ်လောက်ပဲ ကြာပါတယ်။ Finish ပြပြီဆို မိမိဖုန်းကို Root လုပ်လို့ ပြီးသွားပါပြီ။
  10. ပြီးရင်တော့  ++++ Go Back ++++ ကိုရွေးပြီး ပြန်ထွက်ပါ။ ပြီးလျှင် Reboot System Now ကို ရွေးပေးပါ။ 
ဒါဆို မိမိဖုန်းက ပြန်ဖွင့်လာတဲ့အခါမှာ Superuser ရောက်နေမှာဖြစ်ပါတယ်။  လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ :P 
Why do we need root ? ( Root လုပ်တာကိုဘာကြောင့်လိုတာလဲ ?? )

Root လုပ်တယ်ဆိုတာ သင့်ဖုန်းကို Superuser ရအောင် လုပ်တယ်လို့လည်း ပြောနိုင်ပါတယ်။ သင့်ရဲ့ ဖုန်းကို Root လုပ်လိုက်ခြင်းဖြင့် Root မလုပ်ထားတဲ့ဖုန်းတွေနဲ့ယှဉ်လိုက်လျှင် သင့်ဖုန်းဟာ Custom ROM/Performance နဲ့ Battery တွေရဲ့ သက်တမ်းကို အရည်အသွေး မြင့်ထားတယ်လို့လည်းပြောနိုင်ပါတယ်။ ROOT လုပ်ပေးထားခြင်းဖြင့် မိမိဖုန်းရဲ့ System တစ်ခုလုံးကို  ကိုယ်ကြိုက်သလို ပြင်နိုင်ပါတယ်။ ဥပမာ- Boot Animation ဖြုတ်ခြင်း၊ ပြင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။ HACKING ပြုလုပ်တာနဲ့လည်း တူပါတယ်။ ROOT လုပ်ခြင်းဖြင့်လည်း မိမိဖုန်းတွင် နဂိုပါလာသည့် တရုတ် Application များကို ဖျက်နိုင်ပါတယ်။ တစ်ချို့ Software တွေဆို ROOT လုပ်ပြီးသား ဖုန်းမှ သုံးလို့ရပါတယ်။ အဲအချိန်မှာ ကိုယ်က မလုပ်ထားရင်နာပါတယ်။ 

ဒီလောက်ဆို Root လုပ်ခြင်းကို နည်းနည်းလောက် နားလည်လာမယ်လို့ထင်ပါတယ်။ ( ကျွန်တော်နားလည်သလို ရေးထားသည့်အတွက် အမှားပါတာရှိရင် ခွင့်လွှတ်ပေးပါ။ )

အားလုံး အဆင်ပြေကြပါစေ။ 
ခင်မင်လေးစားစွာဖြင့်....
အောင်ခိုင်မိုး
 ( Second Admin Of H.D BLOG ! )